ရှာဖွေတွေ့ရှိသမျှ Web / Blog အသီးသီးတို့မှ ရေးသားထားသော Computer / Internet / Security / Proxy တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကူးယူဖော်ပြခြင်းအတွက် သက်ဆိုင်ရာ Web / Blog များသို့ အကြောင်းအမျိုးမျိုးကြောင့် အသိပေးခြင်းမရှိသည်ကို အနူးအညွှန့်တောင်းပန်အပ်ပါသည်။ ( ကူးယူဖော်ပြထားသည့် Web Source များကို ဖော်ပြပေးထားပါသည်။ )

လေးစားစွာဖြင့် (Net QA DVB team)

Ultrasurf ဘယ်လိုသုံးမလဲ


ဒီနေ့သင်ခန်းစာက Ultrasurf အသုံးပြုနည်းပဲဖြစ်တယ် Ultrasurf ဟာ အင်တာနက်အသုံးပြုတဲ့ နေရာမှာ တားဆီးပိတ်ပင်မှုတွေ ကျော်လွားပေးတဲ့ ဆာ့ဖ်ဝဲလေးပါ။ Ultrasurf က အမှတ်အသားတွေ ကာကွယ်တယ် IP လိပ်စာဖွက်ပေးတယ် ဆော့ဖ်ဝဲကို ပိတ်လိုက်တာနှင့် လက်ရာတွေပါ ဖျောက်ဖျက်ပေးတယ်။ 

ဘယ်လိုလဲ? သင်ခန်းစာ စလိုက်ရအောင်လား 

ပထမဆုံး အဲဒီဆော့ဖ်ဝဲ ရအောင်လုပ်ရမယ် ခင်ဗျားကြိုက်တဲ့ browser ဖွင့်လိုက်ပါ ကျွန်တော် Firefox သုံးတယ်www.ultrareach.com ကိုသွားမယ်။ ၀က်ဘ်ဆိုက်မှာ နောက်ဆုံး လုပ်ဆောင်ချက်တွေ မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတွေ နောက်ခံသမိုင်းတွေ ဆော့ဖ်ဝဲအကြောင်း ဘယ်သူတွေ ပါဝင်လုပ်ဆာင်သလဲ စသဖြင့်ဖတ်ရှုနိုင်တယ်။ 

ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ကာကွယ်ပေးတယ် ပိုလုံခြုံစေတယ် လွတ်လပ်မှုပိုပေးတယ်။ လုပ်ရမှာကတော့ UltraSurf 9.92 Free ကို Download မယ် ဒါ အခုထိ နောက်ဆုံးထွက်တဲ့ version ပဲ ဖိုင်သိမ်းလိုက်ပါအုံး။ ကျွန်တော် windows 7 သုံးတော့ မတူတာလေးတွေရှိမယ်။ ဒါပေမယ့် ဆော့ဖ်ဝဲဟာ Windows XP ရော Windows 2000 Vista တွေမှာပါသုံးနိုင်တယ် အဲတာကြောင့် ကောင်းကောင်း အလုပ်လုပ်မှာပါ။ ကျွန်တော့် ဖိုင်ပုံစံနှင့်တော့ နည်းနည်းကွာမယ် အခု ဆော့ဖ်ဝဲ ဆွဲချပြီးပြီ browser ကိုပါ ပိတ်လိုက်တော့မယ် ပြီးတော့ ဖိုင်ရှိတဲ့ နေရာသွားမယ် ဖိုင် ချုံ့ခံထားတယ် ချုံ့ထားတဲ့ဖိုင် ဖွင့်တဲ့ဆော့ဖ်ဝဲ မရှိသေးဘူးဆိုရင် Winzip ရဖို့လိုလိမ့်မယ် ဒါမှမဟုတ် 7zip နှင့်လည်း ဖွင့်လို့ရတယ်။ 

Windows 7 မှာတော့ နှစ်ချက်နှိပ်တာနှင့် ဖွင့်လို့ရတယ် ခုနက ဆော့ဖ်ဝဲတွေဟာ ချုံ့ထားတာကို ပြန်ဖြည်ဖို့ပဲလိုတာ။ ခင်ဗျား ကွန်ပျူတာထဲမှာ ဘာမှထည့်စရာ မလိုပါဘူး Run ရုံပါပဲ ကျွန်တော်ကတော့ My desktop ပေါ်မှာ တင်ထားတယ် Ultrasurf ကောင်းချက်က USB ထဲထည့်လည်းရတယ် ဘယ်နေရာမှာမဆို ယူသုံးနိုင်တယ်လေ။ အပြင်သွားရင်း အင်တာနက် ဆိုင်မှာသုံးရင်း အလုပ်လုံလုံခြုံခြုံ လုပ်ချင်ရင် USB ထဲထည့်ယူသွား။ ကိုယ်သုံးမယ့် ကွန်ပျူတာနှင့်ချိတ် ဆော့ဖ်ဝဲကိုဖွင့် အင်တာနက်နှင့် ချိတ်ပြီးသုံးနိုင်တယ် ဟုတ်ပြီ ဒီမှာရွက်လွှင့်နေတဲ့ အိုင်ကွန်တွေ့ပြီ နှစ်ချက်နှိပ်လိုက်ပါ။ 

Browser တစ်ခုပါ ဖွင့်ပေးတယ် ကျွန်တော့် browser ကိုခဏ ပိတ်ထားမယ် ဒါပထမ သုံးတာဆိုရင် ဒီလိုရွေးစရာတွေပေါ်လာမယ် ပထမဟာကို ရွေးလိုက်တယ် ဆာဗာချိတ်တာပါ အဆင်မပြေရင် နောက်တစ်ခု ပြန်စမ်းကြည့်ပါ ဆာဗာနှင့် ကောင်းကောင်းချိတ်နေပြီ မတူတဲ့ရွေးစရာတွေလည်း ရှိပါတယ်။ ဖွင့်တာနှင့် Internet Explorer ပွင့်တာကိုလည်း ရွေးချယ်နိုင်တယ် ထွက်တာနှင့် Internet Explorer ပိတ်နိုင်တယ် လက်ရာတွေ ဖျက်နိုင်သလို မြင်ကွင်း ညှာအောက်က ရွှေသော့ကိုလည်း ပိတ်ပေးနိုင်တယ် ကိုယ့် proxy သုံးလည်းရတယ် ဒီမှာတော့ မပြတော့ဘူး အရိုးစင်းဆုံး ဖြစ်အောင်ပြချင်လို့ပါ။ 

OK နှိပ်လိုက်ပါ အလုပ်လုပ်ပြီ IE browser ဖွင့်ပေးတယ် လုံခြုံစွာ စသုံးလို့ရပါပြီ။ အပြောသက်သက် မဟုတ်ပဲ လက်တွေ့ပြမယ် သာမှန် Firefox browser မှာ www.whatismyip.com ရိုက်လိုက်တယ် အခုမြင်တာက ကျွန်တော့် IP လိပ်စာပါ ဂဏန်းတချို့ကိုတော့ လုံခြုံရေးအတွက် ဖျက်ထားရတယ် ခင်ဗျားကိုလည်း လုံခြုံစေချင်တယ် ကျွန်တော့် IP လိပ်စာအမှန်ပါနော် ခဏလေးဒါကို ဖယ်ပြီး Ultrasurf browser ကိုဖွင့်မယ် www.whatismyisp.comကိုသွားမယ် Ultrasurf 
browser က IP လိပ်စာဟာ သာမှန်နှင့် လုံးလုံးမတူပါဘူး ရှေ့ဆုံးနှင့်နောက်ဆုံး ဂဏန်းတွေဟာ သာမှန် browser ဂဏန်းတွေနှင့် တော်တော်လေး ခြားနားနေတယ်။ 

ဒီတော့ IP လိပ်စာလုံခြုံသွားပြီ အချက်အလက်တွေ စိတ်ချရပြီ ပြီးတော့ သာမှန်မှာ သွားလို့မရတဲ့ ၀ဘ်ဆိုက်တွေ အခုသွားလို့ရပြီ ပြီးသွားပြီ လိုက်ပိတ်ဖို့ပဲ ကျန်တော့တယ် ပုံမှန်အားဖြင့် browser ပိတ်ရမှာပါ ဒါပေမယ့် ဒီမှာက Ultrasurf ပိတ်လိုက်ရင်ပဲ browser ရော သော့လေးရော ကွန်ပျူတာထဲ ထင်ကျန်နိုင်တဲ့ မှတ်တမ်းမှတ်ရာတွေပါ ဖျက်ပေးတယ်။ 

ဒါ Ultrasurf ကောင်းကြောင်းတွေပဲ အသုံးဝင်မယ်ထင်တယ်။


အပြည့်အစုံသို့>>

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု

သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။
ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

Ref: Understanding what Facebook apps reall Know (FAQ)
ရေးသားသူ -  ဆန်းသော်တာ

အပြည့်အစုံသို့>>

Proxy Server ဆိုသည်မှာ

အင်တာနက်သုံးစွဲသူတွေကြားမှာတော့ proxy server ဆိုတဲ့စကားဟာ ကြားနေကျစကားဖြစ်ပါတယ်။ Proxy server ဆိုတာဟာတကယ်တော့ အင်တာနက်နဲ့ ကွန်ပျူတာသုံးစွဲသူတွေရဲ့ကြားမှာ ကြားခံဆက်သွယ်ပေးတဲ့ဆာဗာ (server) တစ်ခုပါပဲ။ Proxy server ဟာ gateway လို့ခေါ်တဲ့ ဆာဗာတစ်မျိုးပဲဖြစ်ပါတယ်။

Gateway server တွေဟာ ကွန်ရက်တစ်ခုနဲ့ ပြင်ပကွန်ရက်တို့ကိုခွဲခြားထားတဲ့ ဆာဗာတစ်မျိုးဖြစ်ပါတယ်။ ပြီးတော့ကွန်ရက်ထဲမှာရှိတဲ့ firewall server နဲ့ပြင်ပကွန်ရက်တို့ကို ခွဲခြားပေးထားတဲ့အရာလည်းဖြစ်ပါတယ်။ Proxy server ဟာသုံးစွဲသူထံမှ အင်တာနက်ဝန်ဆောင်မှုအတွက် တောင်းခံချက်တွေကို လက်ခံပါတယ်။

Proxy server ဟာ cache server လိုမျိုး ယခင်ကပြုလုပ်ခဲ့တဲ့ web page တွေရဲ့ download ထဲမှ local cache ကိုပြန်လည်ကြည့်ရှုပါတယ်။ အကယ်လို့ အဲဒီ့စာမျက်နှာဟာ cache ထဲမှာမရှိဘူးဆိုခဲ့လျင် proxy server ဟာသုံးစွဲသူကိုယ်စား client တစ်ခုကဲ့သို့ ကိုယ်တိုင် IP address နှင့် သုံးစွဲသူလိုချင်တဲ့စာမျက်နှာကို သက်ဆိုင်ရာဆာဗာထံတောင်းခံပါတယ်။ အဲဒီ့စာမျက်နှာ ရောက်ရှိလာတဲ့အခါမှာတော့ သုံးစွဲသူထံသို့ ပြန်လည်ပို့ဆောင်ပေးပါတယ်။

အပြည့်အစုံသို့>>

JonDo အကြောင်း

JonDo ဆိုသည်မှာ Tor ကဲ့သို့ အင်တာနက်ဆင်ဆာ အားကျော်လွှားသော proxy တစ်မျိုးဖြစ်သည်။ ၎င်းကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် German တက္ကသိုလ်၏ Java Anon Proxy (JAP) ဟုခေါ်သော project တစ်ခုအဖြစ်တီထွင်ခဲ့ပြီး ယခုအခါတွင် အခမဲ့နှင့် စီးပွားဖြစ်နှစ်ခုလုံး အတွက် ရရှိနိုင်ပြီဖြစ်သည်။ အခမဲ့ဝန်ဆောင်မှု သည် analog modem တစ်ခု၏ မြန်းနှုံးမျှသာ ပေးနိုင်ချိန်တွင်  စီးပွားဖြစ်သုံးစွဲမှု သည် 1GB traffic အတွက် ၁၀ဒေါ်လာ ပေးဆောင်ရ၍ ပိုမို မြန်ဆန်နိုင်သည်။ ၎င်း Java ကို Linux, Mac OS နှင့် Window များ ပေါ်တွင် သုံးနိုင်သည်။

Tor ကဲ့သို့ပင် JonDo ၏ အဓိက ရည်ရွယ်ချက်မှာ အသုံးပြုသူများ web site များ ကြည့်ရာတွင် အမည်ဝှက်နိုင်ရန် ဖြစ်သည်။ Tor ကဲ့သို့ပင် ၎င်းသည် အပိုလိုအပ်ချက်မရှိသော server (independent servers) များ ကို ဖြတ်၍ အလုပ်လုပ်သည်။

Install ပြုလုပ်ခြင်း
JonDo network ကို အသုံးပြုရန် သင်၏ Operating system အတွက် https://www.jondos.de/en/download မှ JonDo client ကို download လုပ်ရန် လိုအပ်သည်။ Linux သို့မဟုတ် Mac OS X အတွက်တော့ ရွေးချယ်ရန် download ပြုလုပ်နည်း ၁ခုသာ ရှိသည် (6MB)

သို့သော်လည်း Window များ အတွက်မူ ဖြစ်နိုင်ချေ သုံးခုရှိသည်။

    * Java ပါဝင်သော standard desktop installer (ပျှမ်းမျှ 15MB)    
    * အများသုံး ကွန်ပျူတာများ သို့မဟုတ် အင်တာနက် ဆိုင်များ တွင် USB drive များ မှ အသုံးပြုနိုင်သော Java ပါဝင်သည့် Portable Application (ပျှမ်းမျှ 20MB)
    * JonDo အသုံးပြုရန် installer နှင့်  Java မလိုအပ်ပဲ ၃ကြိမ် download ပြုလုပ်ရန်လိုအပ် သော file: ၎င်းတွင်http://anon.inf.tu-dresden.de/develop/jap.exehttp://anon.inf.tu-dresden.de/develop/japdll.dll ၏ file များ နှင့် http://anon.inf.tu-dresden.de/jap/JAP.jar ရှိ file များ ပါဝင်သည်။ (စုစုပေါင်း 6MB)

Choose a download depending on your experience, intended use and speed of your Internet connection. To install the JonDo client you just have to click on the downloaded file and follow the simple instructions.

Download လုပ်နည်းများကို သင်၏ကိုယ်ပိုင် အသုံးပြုလိုသော ရည်ရွယ်ချက်နှင့် သင်၏ Internet connection မြန်းနှုန်း ပေါ်မူတည် ၍ ရွေးချယ်ပါ၊ JonDo client ကို install လုပ်ရန် download လုပ်ထားသော file များပေါ်တွင် click လုပ်ရန်နှင့် ရိုးရှင်းသော ညွှန်းကြားချက်များ ကို လိုက်နာရန် သာ လိုအပ်သည်။

ပြင်ဆင်အသုံးပြုပုံ

JonDo ကို စတင်အသုံးပြုလျှင် အင်္ဂလိပ်၊ ဂျာမန်၊ ချက်၊ ဒပ်(ချပ်)၊ ပြင်သစ်နှင့် ရုရှား ဘာသာစကားများ ကို ရွေးချယ်နိုင်သော window ကို အရင် တွေ့ရလိမ့်မည်။  

ဒုတိယစာမျက်နှာတွင် JonDo proxy tool ကို အသုံးပြုရန် အတွက် သင့် web browser ၏ အမည်ကို ရွေးချယ်ပေးရလိမ့်မည်။ သင့် browser ၏အမည်ပေါ်တွင် click လုပ်ပြီး ရရှိသော ညွှန်ကြားချက်များ အတိုင်း လိုက်နာပါ။

သင်၏ Browser ကို မှန်ကန်စွာရွေးချယ်ပြီးလျှင် စစ်ဆေးရန် ပထမ အဆင့်ကို ယူလိုက်ပါ။ JonDo main window တွင် အမည်ဝှက်ခြင်းကို “OFF” သို့ ပြောင်းလိုက်ပြီး သင်ရွေးချယ်ခဲ့သော browser နှင့် web site တစ်ခုကို ဖွင့်လိုက်ပါ။

အကယ်၍ JonDo မှ သင့်အား သတိပေးချက် တစ်ခုပြခဲ့လျှင် website တွင် အရာအားလုံး စနစ်တကျ ပြင်ထားကြောင်းကို ကြည့်ရန် “YES” ကို ရွေးရမည်ဖြစ်ပြီး "The warning is shown. Websurfing is possible after confirmation" ကို ရွေးချယ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။

ဒုတိယအဆင့်နေနှင့် ပြင်ဆင်ခြင်းများ ကို သေချာစေရန်ဖြစ်သည်။ JonDo main window တွင် အမည်ဝှက်ခြင်း “anonymity” ကို “On” သို့ပြောင်းပြီး ကြိုက်ရာ website တစ်ခုကို သင် ရွေးချယ်ခဲ့သော browser ဖြင့်ဖွင့်လိုက်ပါ။

Web site အလုပ်လုပ်နေလျှင် အရာအားလုံး ချောမွေ့နေပြီး "Connection established, websurfing is fine" ပေါ်တွင် click လုပ်ရမည်ဖြစ်သည်။ အကယ်၍ အခြားဖော်ပြချက်များ သင်ရရှိခဲ့သည် ဆိုလျှင် ၎င်းကို ရွေးချယ်ပြီး Installation assistant မှ ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းရန် သင့်ကို အချက်အလက်များ ထပ်ပေးလိမ့်မည်။

 ယခုဆိုလျှင် ပြင်ဆင်ခြင်းမှာ ပြီးလုပြီဖြစ်သည်။ သင်သည် JonDo network ကို ဖြတ်၍ browse လုပ်နေပြီဖြစ်သည်။ သို့သော်လည်း သင့် web browser ကို သတင်းယိုစိမ့်မှုမရှိ စေရန် ပြင်ဆင်သင့်သည်။ ၎င်း ကို သင့် Web browser ၏ အမည်ပေါ်တွင် click လုပ်ချိန်၌ ထပ်၍ ရှင်းပြလိမ့်မည်ဖြစ်သည်။


သင်၏ကွန်ပျူတာ အတွေ့အကြုံပေါ်တွင် မူတည်၍ JonDo client တွင် သင် လိုချင်သည့် options များ ကို ရွေးချယ်ပါ။ မကျွမ်းကျင်သော အသုံးပြုသူများသည် “Simplified view” ကို ရွေးချယ်သင့်သည်။

အကယ်၍ JonDo server များကို သင်၏နိုင်ငံတွင် ပိတ်ဆို့ပြီးဖြစ်နေလျှင် anti-censorship option ကို သုံးကြည့်သင့်သည်။ main Jondo window ရှိ “Config” ပေါ်တွင် click လုပ်ပြီး “network” ကို ရွေးပါ။ ပြီးလျှင် "Connect to other JAP/JonDo users in order to reach the anonymization service" ပေါ်တွင် click လုပ်ပါ။ သတိပေးချက်ကို ဖတ်ပြီး “Yes” ကို click လုပ်ပါ။

အပြည့်အစုံသို့>>

PHProxy ထည့်သွင်းခြင်း


PHProxy ထောင်ရန်အတွက် ထိန်းချုပ်မှုမရှိသော အင်တာနက်ကွန်နက်ရှင်တစ်နေရာတွင် PHP support ပေးနိုင်သော web server နေရာတစ်ခုရှိရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်-
•    http://www.dreamhost.com/ ကဲ့သို့သော hosting ရောင်းသူများထံမှ နှစ်စဉ်ကျေးဖြင့် web space ငှားရန်းသုံးစွဲခြင်း။
•    Virtual/dedicated server ထောင်ခြင်း (ပို၍ဈေးကြီးပြီး နည်းပညာပိုင်းရှုပ်ထွေးပါသည်)
•    အများ route လုပ်နိုင်သော IP လိပ်စာရှိသော DSL/cable အင်တာနက်ကွန်နက်ရှင် ရှိသောကွန်ပျူတာတစ်လုံး
•    တက္ကသိုလ်မှခွင့်ပြုလျှင် တက္ကသိုလ်ပိုင်သော အင်တာနက်ကွန်နက်ရှင်ဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံး သို့မဟုတ် တက္ကသိုလ်ပိုင် server တွင် အက်ကောန့်တစ်ခုရှိခြင်း
 အထက်ပါနည်းလမ်းများအရ PHP support ကိုပေးထားနိုင်သော web server သို့ FTP ကိုအသုံးပြု၍ PHProxy ကိုထည့်သွင်းရပါမည်။ ထို့ကြောင့် FTP အသုံးပြုနိုင်ရန်အတွက် FileZilla (http://filezilla-project.org/) ကဲ့သို့သော ပရိုဂရမ်ကိုလိုအပ်ပါသည်။

၎င်းနည်းလမ်းသည် အသုံးအများဆုံးဖြစ်သော်လည်း အခြေအနေအားလုံးအတွက် သုံ၍မရပေ။ ဥပမာအားဖြင့်- ကိုယ်ပိုင် server တစ်ခုထောင်ထားပြီး ထို server မှ FTP သုံး၍မရနိုင်ခြင်း၊ သင့်အနေဖြင့် server ၏ command line များကို ကျွမ်းကျင်မှုရှိပါကလည်း တစ်ခြားနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

  • ပထမဦးဆုံး http://sourceforge.net/projects/poxy/ တွင် PHProxy script ကို ဒေါင်းလုပ်ချလိုက်ပါ။ 25 kilobytes သာရှိသောကြောင့် ဖိုင်အရွယ်အစား အလွန်သေးငယ်ပါသည်။
  • ZIP ဖိုင်ကို ဖြည်လိုက်ပါ။
  • အသုံးပြုမည့် FTP ပရိုဂရမ်ကိုဖွင့်လိုက်ပါ၊ web server ထံမှပေးထားသော host, username နှင့် password ကိုရိုက်ထည့်လိုက်ပါ။
  • FTP ပရိုဂရမ်၏ ဘယ်ဘက်တွင် ကိုယ့်ကွန်ပျူတာပေါ်တွင်ရှိသော ဖိုင်နေရာများကို ကိုယ်စားပြုသောကြောင့် zip ဖိုင်ဖြည်ထားသော PHProxy နေရာကိုရှာလိုက်ပါ။
  • PHProxy ဖိုင်ကို drag and drop နည်းဖြင့် ညာဘက် web server ဘက်သို့ထည့်လိုက်ပါ။
  • PHProxy ကိုတင်ထားသော မိမိ၏ web space လိပ်စာအတိုင်း သွား၍ PHProxy ကိုအသုံးပြု၍ ရနိုင်ပါပြီ။ ဤဥပမာတွင် - http://www.cship.info/proxy/ အတိုင်းသွားနိုင်ပါမည်။
အကယ်၍ အထက်ပါနည်းလမ်းများသည် သင့်အတွက် အလုပ်မလုပ်ပါက server အနေဖြင့် PHP ကိုအလုပ်မလုပ်ပေးနိုင်သောကြောင့် ဖြစ်နိုင်ပါသည်။ web server ၏ manual ကိုဖတ်၍ ၄င်း၊ forum များ web server operator များကို အကူအညီတောင်း၍ ၄င်း ဖြေရှင်းနိုင်ပါလိမ့်မည်။


အပြည့်အစုံသို့>>

OpenVPN ကိုအသုံးပြုခြင်း

OpenVPN ဆိုသည်မှာ လူသိများလေးစားခံရသော အခမဲ့ရနိုင်သည့် virtual private network (VPN) နည်းလမ်းဖြစ်သည်။ ၎င်းသည် Window တော်တော်များများ(Vista ပေါ်တွင်မကြာမီအသုံးပြုနိုင်မည်။)၊ Mac OS X နှင့် Linux တို့ပေါ်တွင် အလုပ်လုပ်သည်။ OpenVPN သည် SSL နည်းပညာကိုအသုံးပြုထားခြင်းဖြစ်ပြီး https နှင့်စသော ဝက်ဆိုက်များကဲ့သို့ encryption နည်းလမ်းဖြင့်အလုပ်လုပ်သည်။

OpenVPN သည် အင်တာနက်ဆိုင်များ သို့မဟုတ် အများသုံးကွန်ပျူတာများ ကဲ့သို့ လိုအပ်သော software များ install လုပ်၍မရသော နေရာမျိုး၌ ယာယီသုံးရန် အဆင်မပြေပေ။

OpenVPN စနစ်တွင် အင်တာနက်ပိတ်ဆို့ခြင်း မရှိသော နေရာရှိ server နှင့် တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုသော client များပါရှိသည်။ Server ကိုအင်တာနက်မှ အသုံးပြု၍ရအောင် တည်ဆောက်ရမည်ဖြစ်ပြီး firewall နှင့် အများသုံး IP address များဖြင့် ပိတ်ဆို့ခြင်းမရှိအောင်ပြုလုပ်ရမည်။ (အချို့နေရာများ တွင် server တည်ထောင်သူများ သည် ၎င်းတို့၏ ISP ထံမှ ခွင့်ပြုချက် တောင်းခံရသည့် အဖြစ်မျိုးရှိတတ်သည်။) Server သို့ဆက်သွယ်သူ တစ်ယောက်ချင်းသည် ၎င်းတို့ ဖြတ်သန်းနိုင်သော traffic ကိုဖြတ်၍ VPN tunnel ကိုတည်ဆောက်မည်ဖြစ်သည်။

တစ်လလျှင် ၅ဒေါ်လာ မှ ၁၀ဒေါ်လာ ကျသင့်သော OpenVPN server သို့ ဆက်သွယ်ခွင့်ကို ကို ရောင်းချ သော WiTopia ကဲ့သို့သော provider များ (http://witopia.net/personalmore.html) လည်းရှိသည်။ ထို provider များသည် သင်၏ကွန်ပျူတာ ပေါ်တွင် OpenVPN ကို install လုပ်ရန်နှင့် configure (ပြုပြင်ပြောင်းလဲ) ရန်ကူညီလိမ့်မည်။ Commercial providers များစားရင်းကို http://en.cship.org/wiki/VPN တွင်ရရှိနိုင်သည်။

OpenVPN သည်အင်တာနက်ပေါ်တွင် အသုံးပြုခြင်းမခံရ မီ လမ်းကြောင်းပေါ်မှ ဖြတ် ၍ တစ်ယောက်ထက်ပို သော client များ၏ ကွန်ပျူတာများဆီသို့ဝင်ရောက်သွားပြီး စီစစ်ခံရခြင်းမရှိသော နေရာများမှ စိတ်ချရသော ဆက်သွယ်မှု တစ်ခုဖြင့်လည်း အသုံးပြုနိုင်သည်။ ထိုကိစ္စ များ ကို မှန်ကန်စွာ တပ် ဆင်ရန်မှာ တနည်းအားဖြင့် ရှုပ်ထွေးနေသေးသည်။
Tips for setting up OpenVPN
OpenVPN တည်ဆောက်ရန် အချက်များ

သင့်ကိုယ်ပိုင် OpenVPN server နှင့် client များကို ဖန်တီးချင်သည်ဆိုလျှင် OpenVPN (http://openvpn.net/index.php/documentation/howto.html) မှပေးထားသော အချက်အလက်များကို လိုက်နာရမည်။ ပိတ်ဆို့ထားသော wesite များကိုကြည့်ရှုရန် OpenVPN ကို အသုံးပြုချင်သည်ဆိုလျှင် အောက်ပါအချက်များကို သတိပြုရမည်။
Client
အသုံးပြုသူ

Windows များအတွက် OpenVPN ကို လိုအပ် သလိုအဖွင့်အပိတ် ပြုလုပ်ရန် အသုံးပြုလုပ်နိုင်သည့် graphical user interface (GUI) ဆိုသည့် အရာရှိသည်။ ၎င်းသည် အင်တာနက်ပေါ်သို့ ရောက်ရှိစေ နိုင်သည့် HTTP proxy ကိုအသုံးပြုရန်လည်း ပြုပြင်ပြောင်းလဲစေနိုင်သည်။ http://openvpn.se/ တွင် download လုပ်နိုင်သည်။

Linux သို့မဟုတ် Mac OS X တွင် proxy server အသုံးပြုရန် OpenVPN အားပြင်ဆင်ပုံကို (http://openvpn.net/index.php/documentation/howto.html#http) Website တွင်ဖတ်ရှုနိုင်သည်။
Server

    * သင့်client သည် အင်တာနက်ဆင်ဆာကို ကျော်လွှားရန်သာ အသုံးပြုမည်ဆိုလျှင် bridging ကိုရွေးချယ်၍ ပိုပြီးကောင်းမလာနိုင်ပါ။ Routing ကိုသာ ရွေးပါ။

    * Client တစ်ဦး၏ traffic များ server ကိုမည်သို့ဖြတ်သန်းသွားကြောင်း ရှင်းပြသော အခန်းကို အထူး ဂရုပြုလေ့လာပါ။ ထို configuration မပါဘဲ ပိတ်ပင်ထားသော web pages များကို ကြည့်ရှုနိုင်မည်မဟုတ်။ (http://openvpn.net/index.php/documentation/howto.html#redirect).

    * အကယ်၍ client ၏ ကွန်ပျူတာသည် အလွန်တင်းကျပ်သော firewall တစ်ခု၏ နောက်တွင် ရှိနေပြီး default OpenVPN port လည်းပိတ်ဆို့ခံထားရသည်ဆိုလျှင် OpenVPN မှ အသုံးပြုသော port သို့ပြောင်းလဲနိုင်သည်။ နောက်ထပ် အရွေးချယ်စရာ တစ်ခုကတော့ secure website များအတွက် သုံးသော port443 ကို အသုံးပြုရန်နှင့် UDP ကို မသုံးဘဲ TCP protocol ကို သုံးရန်ဖြစ်သည်။ ထိုသို့ပြုပြင်ခြင်းတွင် firewall operator များအတွက် OpenVPN traffic နှင့် secure web traffic ကြားရှိကွာခြားမှုကို ခွဲခြားပြရန် ခက်ခဲသွားလိမ့်မည်။ ထိုသို့ပြုလုပ်ရန် client နှင့် server နှစ်ဦးလုံး၏ configuration files ၏ထိပ်နားတွင် “proto udp” ကို “proto tcp” ဖြင့်လည်းကောင်း “port 1194” ကို “port 443” ဖြင်လည်းကောင်း အစားထိုးရမည်။

ကောင်းကျိုးဆိုးကျိုးများ
OpenVPN ကို မှန်ကန်စွာ တပ်ဆင်ပြီးပြီဆိုသည်နှင့် ၎င်းသည် အင်တာနက် စီစစ်မှုကို ထိရောက်သော နည်းလမ်းကိုပေးနိုင်သည်။ Server နှင့် အသုံးပြုသူ ကြားရှိ traffic အားလုံးကို စကားဝှက်ပြုလုပ်ပြီး port တစ်ခုတည်းကို သာ ဖြတ်သန်းသော ကြောင့် online shopping သို့မဟုတ် အခြား စကားဝှက် ၀န်ဆောင်မှုများ ကဲ့သို့ စိတ်ချရသော web traffic များနှင့် လုံးဝခွဲခြား၍မရပေ။

OpenVPN ကို web traffic, email, instant messaging နှင့် Voice over IP တို့အပါအ၀င် internet traffic အားလုံးအတွက် အသုံးပြုနိုင်သည်။

OpenVPN server ပိုင်ရှင်နှင့် OpenVPN documentation တွင်ပါရှိသော certificates နှင့် keys used များကို လိုက်နာထားလျှင် OpenVPN သည် အတိုင်းအတာတစ်ခုအထိ စုံစမ်းစစ်ဆေးခြင်းကို ကာကွယ်ပေးသည်။ traffic သည် OpenVPN server အထိသာ စကားဝှက်ဖြစ်မည်ဖြစ်ပြီး ယင်းနောက်တွင် အင်တာနက်ပေါ်သို့ မူလအတိုင်းသာ တက်သွားမည်ဖြစ်သည်။

 OpenVPN ၏ အဓိကဆိုးကျိုးမှာ install ပြုလုပ်ရန်ခက်ခဲခြင်းနှင့် ပြုပြင်ပြောင်းလဲရန် ခက်ခဲခြင်းဖြစ်သည်။ အင်တာနက် ပိတ်ဆို့မှုမရှိသော နေရာမှ server တစ်ခုလဲလိုအပ်သည်။ ယုံကြည်စိတ်ချရသော အမည်ဝှက်ခြင်းကိုလည်း မပေးနိုင်ပေ။


အပြည့်အစုံသို့>>

အီးမေလ်းအား ကြားဝင်ဖောက်ဖတ်နိုင်သော နေရာများ


ယနေ့ခေတ်အတွက် အင်တာနက်ဆိုတာ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်မှု့အပိုင်းမှာ အဓိကကျသော အပိုင်း၊အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ နည်းပညာအလျှောက် အင်တာနက် နဲ့ အီးမေးလ်အသုံးပြုသူတိုင်း မိမိတို့အသုံးပြုသော နည်းပညာ အားသာချက် အားနည်းချက်တွေကို သိထားသင့်ပေသည်။ အီးမေလ်း လိပ်စာလေးတစ်ခုရိုက်ထည့်ပြီးပို့လိုက်တယ်.. ဒါပေမဲ့ အဲ့လိုပို့လိုက်တဲ့ မေးလ်ဟာ လူသန်းပေါင်းများစွာ သုံးနေသော အင်တာနက်ပေါ်မှာဖြတ်သန်းသွားလာနေကြတယ်။ ဒီလိုနေရာမှာ ကြားခံ Gateway, Server, Backbone, Segment တွေကိုဖြတ်သွားရတယ်။ ဒီအတွက် မိမိတို့သုံးနေတဲ့ မေးလ်တွေကို ကြားခံနေရာကနေ ၀င်ရောက် ဖောက်ကြည့်လို့ရတယ်ဆိုတာကို သိထားသင့်တယ်။

 Internet Service Provider (ISP)
ISP ဆိုတာ မိမိတို့သုံးနေတဲ့ Network Traffic တွေအားလုံးကို အလွယ်တကွယ်စောင့် ဖမ်းနိုင်တဲ့နေရာပါ။ ကျွန်တော်တို့သုံးနေ network packet တွေဟာ ISP မှာတော့ Feed တစ်ခုထားခဲ့ရတာပဲ။ ဒီအတွက် မိမိတို့ရဲ့ မေးလ်အားလုံးကို ISP ဟာ လိုအပ်ရင်လိုအပ်သလို ၀င်ရောက် ကြည့်လို့ရတယ်။

Email Provider
မိမိအသုံးပြုနေသော မေးတွေအားလုံးကို အသုံးပြုနေသော မေးလ် provider တွေကနေ ၀င်ကြည့်လို့ရတယ်။ ဥပမာ - Gmail သုံးတယ်ဆိုရင်.. Gmail ရဲ့ Authorized person တွေက ကြည့်လို့ရတယ်။

Corporate Environment
တစ်ချို့လုပ်ငန်းကုမ္ပဏီ တွေက မိမိတို့ရဲ့ လုပ်ငန်းအတွင်း Data Document တွေ အမှားအယွင်းနဲ့ ၀န်းထမ်းတွေကိုစောင့်ကြည့်ရန် packet sniffer တွေကို Internal Network တစ်ခုလုံအတွက် ထားထားကြတယ်။

Hotel/Conference Center/Internet Café
Hotel/Conference Center တွေကနေ user တွေရဲ့ မေးလ်တွေကို intercept လုပ်လို့ရတယ်။ ဟော်တယ် တွေနဲ့ Conference Center တွေမှာ ၄င်းတို့ရဲ့ User တွေကို သတ်မှတ်ချက်အတိုင်း အသုံးပြုရအောင် Net ကိုထိန်းချူပ်ထားတယ်၊ ထို့အတူ Cyber Cafe တွေလည်းအဲ့အတိုင်းပဲ... ဒီနေရာမှာ တစ်ခုရှိတာက မြန်မာပြည်က Cyber Cafe တွေ တော်တော်များများက ၄င်းတို့ရဲ့ Server / Gateway Router တွေကို တိတိကျကျ လုံခြုံမှု့မပေးထားရင် အပြင်လူက ၄င်း server / Router ကိုဝင်ဖောက်ပြီး Network တစ်ခုလုံးရဲ့ Packet တွေကို Sniffing လုပ်ကာ အီးလ်မေးဖောက်နိုင်တယ်။

Housing Provided Connectivity
condominium and apartment complexes အချို့တွေမှာ ၄င်းတို့၏ အိမ်ရှင်၊ အိမ်ငှားတွေအတွက် Built-in High Speed Internet တွေကို ပေးသုံးကြတယ်။ ဒါက Hotel/Conference Center/Internet Café တွေတူပါတယ်။ အကယ်၍ ၄င်း Network မှာ Admin တစ်ယောက်က ညံ့ဖျင်းတာပဲဖြစ်စေ၊ Admin က ကြားဝင်ဖောက်တာပဲဖြစ်စေ ၀င်ရောက်နိုင်တယ်။

College Environment
College တွေမှာသုံးတာကို cable modems and other broadband technologies ‘shared local loop’ network model လို့ခေါ်ပြီးတော့ ၄င်းနေရာတွေမှာလည်း ကြားဝင်ဖောက်လို့ရတယ်။ ဒါကလည်း corporate networks interception နဲ့တူတယ်/

Local Loop Interception
အကယ်၍ မိမိရဲ့ အိမ်နားဝန်းကျင်မှာ သုံးနေတဲ့ လူတစ်ယောက်ရဲ့ Network နဲ့ Mail ကို interception လုပ်မယ်ဆိုရင် ပုံမှန်အားဖြင့်မလွယ်နိုင်ပေမဲ့ ၄င်း system ကိုဝင်ရောက်ဖို့ special hardware အနည်းငယ်တော့လိုတယ်။ ဒီလိုနေရာတွေမှာလည်း ၀င်ရောက်နိုင်တယ်။

MAN environment
ယခုအချိန်မှာတော့ MAN တွေကို ပြည်တွင်းအစိုးရအဖွဲ့အစည်းနဲ့ တွေလောက်ပဲ ကျယ်ကျယ်ပြန့်ပြန့်သုံးတာများတယ်။ ဒီလိုနေရာမှာလည်း မိတ်ဆွေတို့သုံးနေတဲ့ network ကို sniffing လုပ်လို့ရတယ်။

Wireless Network Access Point
Wireless Network ဆိုရင် များသောအား Wi-Fi ကိုပဲပြေးမြင်လိမ့်မယ်.. ဟုတ်ပါတယ်. ဒီလို Wi-Fi Wireless AP တွေကလည်း Interception လုပ်လို့ရတယ်။ ၄င်း Wireless တွင်၊ Wi-Fi, WiMAX, Bluetooth, GPRS, HSDPA စည်တို့လည်းပါဝယ်တယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဒါတွေတင်မကဘူး အများကြီးရှိသေးတယ်။ ဒါတွေက အဓိက နေရာတွေပဲ။

ဒီတော့ မိမိတို့ရဲ့ မေးလ်တွေကို ဘယ်သူမှ မ၀င်ဖတ်နိုင်အောင် လုပ်ဆောင်တဲ့ နည်းမရှိဘူး။ ဒါပေမဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ မိမိပို့လိုက်သော messages တွေကို Encrypt လုပ်ပြီးပို့ကာ ကြာဝင်ဖောက်ကြည့်လို့မရအောင် လုပ်ဆောင်ခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်။

အကောင်းဆုံးနည်းလမ်းဖြစ်တယ်။ Encrypt လုပ်ဖို့အတွက် http://www.instructables.com/id/Encrypt-your-Gmail-Email/ ဆိုတဲ့လင့်မှာသွားရောက်လေ့လာကြည့်နိုင်ပါတယ်။ ပြည့်စုံစွာရှင်းပြထားပေးပါတယ်။

အပြည့်အစုံသို့>>