PHProxy ထောင်ရန်အတွက် ထိန်းချုပ်မှုမရှိသော အင်တာနက်ကွန်နက်ရှင်တစ်နေရာတွင် PHP support ပေးနိုင်သော web server နေရာတစ်ခုရှိရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်-
• http://www.dreamhost.com/ ကဲ့သို့သော hosting ရောင်းသူများထံမှ နှစ်စဉ်ကျေးဖြင့် web space ငှားရန်းသုံးစွဲခြင်း။• Virtual/dedicated server ထောင်ခြင်း (ပို၍ဈေးကြီးပြီး နည်းပညာပိုင်းရှုပ်ထွေးပါသည်)• အများ route လုပ်နိုင်သော IP လိပ်စာရှိသော DSL/cable အင်တာနက်ကွန်နက်ရှင် ရှိသောကွန်ပျူတာတစ်လုံး• တက္ကသိုလ်မှခွင့်ပြုလျှင် တက္ကသိုလ်ပိုင်သော အင်တာနက်ကွန်နက်ရှင်ဖြင့် ချိတ်ဆက်ထားသော ကွန်ပျူတာတစ်လုံး သို့မဟုတ် တက္ကသိုလ်ပိုင် server တွင် အက်ကောန့်တစ်ခုရှိခြင်း
အထက်ပါနည်းလမ်းများအရ PHP support ကိုပေးထားနိုင်သော web server သို့ FTP ကိုအသုံးပြု၍ PHProxy ကိုထည့်သွင်းရပါမည်။ ထို့ကြောင့် FTP အသုံးပြုနိုင်ရန်အတွက် FileZilla (http://filezilla-project.org/) ကဲ့သို့သော ပရိုဂရမ်ကိုလိုအပ်ပါသည်။
၎င်းနည်းလမ်းသည် အသုံးအများဆုံးဖြစ်သော်လည်း အခြေအနေအားလုံးအတွက် သုံ၍မရပေ။ ဥပမာအားဖြင့်- ကိုယ်ပိုင် server တစ်ခုထောင်ထားပြီး ထို server မှ FTP သုံး၍မရနိုင်ခြင်း၊ သင့်အနေဖြင့် server ၏ command line များကို ကျွမ်းကျင်မှုရှိပါကလည်း တစ်ခြားနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
- ပထမဦးဆုံး http://sourceforge.net/projects/poxy/ တွင် PHProxy script ကို ဒေါင်းလုပ်ချလိုက်ပါ။ 25 kilobytes သာရှိသောကြောင့် ဖိုင်အရွယ်အစား အလွန်သေးငယ်ပါသည်။
- ZIP ဖိုင်ကို ဖြည်လိုက်ပါ။
- အသုံးပြုမည့် FTP ပရိုဂရမ်ကိုဖွင့်လိုက်ပါ၊ web server ထံမှပေးထားသော host, username နှင့် password ကိုရိုက်ထည့်လိုက်ပါ။
- FTP ပရိုဂရမ်၏ ဘယ်ဘက်တွင် ကိုယ့်ကွန်ပျူတာပေါ်တွင်ရှိသော ဖိုင်နေရာများကို ကိုယ်စားပြုသောကြောင့် zip ဖိုင်ဖြည်ထားသော PHProxy နေရာကိုရှာလိုက်ပါ။
- PHProxy ဖိုင်ကို drag and drop နည်းဖြင့် ညာဘက် web server ဘက်သို့ထည့်လိုက်ပါ။

- PHProxy ကိုတင်ထားသော မိမိ၏ web space လိပ်စာအတိုင်း သွား၍ PHProxy ကိုအသုံးပြု၍ ရနိုင်ပါပြီ။ ဤဥပမာတွင် - http://www.cship.info/proxy/ အတိုင်းသွားနိုင်ပါမည်။
အကယ်၍ အထက်ပါနည်းလမ်းများသည် သင့်အတွက် အလုပ်မလုပ်ပါက server အနေဖြင့် PHP ကိုအလုပ်မလုပ်ပေးနိုင်သောကြောင့် ဖြစ်နိုင်ပါသည်။ web server ၏ manual ကိုဖတ်၍ ၄င်း၊ forum များ web server operator များကို အကူအညီတောင်း၍ ၄င်း ဖြေရှင်းနိုင်ပါလိမ့်မည်။
Source : http://sesawe.net/PHProxy,371.html
No comments:
Post a Comment