ရှာဖွေတွေ့ရှိသမျှ Web / Blog အသီးသီးတို့မှ ရေးသားထားသော Computer / Internet / Security / Proxy တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကူးယူဖော်ပြခြင်းအတွက် သက်ဆိုင်ရာ Web / Blog များသို့ အကြောင်းအမျိုးမျိုးကြောင့် အသိပေးခြင်းမရှိသည်ကို အနူးအညွှန့်တောင်းပန်အပ်ပါသည်။ ( ကူးယူဖော်ပြထားသည့် Web Source များကို ဖော်ပြပေးထားပါသည်။ )

လေးစားစွာဖြင့် (Net QA DVB team)

OpenVPN ကိုအသုံးပြုခြင်း

OpenVPN ဆိုသည်မှာ လူသိများလေးစားခံရသော အခမဲ့ရနိုင်သည့် virtual private network (VPN) နည်းလမ်းဖြစ်သည်။ ၎င်းသည် Window တော်တော်များများ(Vista ပေါ်တွင်မကြာမီအသုံးပြုနိုင်မည်။)၊ Mac OS X နှင့် Linux တို့ပေါ်တွင် အလုပ်လုပ်သည်။ OpenVPN သည် SSL နည်းပညာကိုအသုံးပြုထားခြင်းဖြစ်ပြီး https နှင့်စသော ဝက်ဆိုက်များကဲ့သို့ encryption နည်းလမ်းဖြင့်အလုပ်လုပ်သည်။

OpenVPN သည် အင်တာနက်ဆိုင်များ သို့မဟုတ် အများသုံးကွန်ပျူတာများ ကဲ့သို့ လိုအပ်သော software များ install လုပ်၍မရသော နေရာမျိုး၌ ယာယီသုံးရန် အဆင်မပြေပေ။

OpenVPN စနစ်တွင် အင်တာနက်ပိတ်ဆို့ခြင်း မရှိသော နေရာရှိ server နှင့် တစ်ယောက် သို့မဟုတ် တစ်ယောက်ထက်ပိုသော client များပါရှိသည်။ Server ကိုအင်တာနက်မှ အသုံးပြု၍ရအောင် တည်ဆောက်ရမည်ဖြစ်ပြီး firewall နှင့် အများသုံး IP address များဖြင့် ပိတ်ဆို့ခြင်းမရှိအောင်ပြုလုပ်ရမည်။ (အချို့နေရာများ တွင် server တည်ထောင်သူများ သည် ၎င်းတို့၏ ISP ထံမှ ခွင့်ပြုချက် တောင်းခံရသည့် အဖြစ်မျိုးရှိတတ်သည်။) Server သို့ဆက်သွယ်သူ တစ်ယောက်ချင်းသည် ၎င်းတို့ ဖြတ်သန်းနိုင်သော traffic ကိုဖြတ်၍ VPN tunnel ကိုတည်ဆောက်မည်ဖြစ်သည်။

တစ်လလျှင် ၅ဒေါ်လာ မှ ၁၀ဒေါ်လာ ကျသင့်သော OpenVPN server သို့ ဆက်သွယ်ခွင့်ကို ကို ရောင်းချ သော WiTopia ကဲ့သို့သော provider များ (http://witopia.net/personalmore.html) လည်းရှိသည်။ ထို provider များသည် သင်၏ကွန်ပျူတာ ပေါ်တွင် OpenVPN ကို install လုပ်ရန်နှင့် configure (ပြုပြင်ပြောင်းလဲ) ရန်ကူညီလိမ့်မည်။ Commercial providers များစားရင်းကို http://en.cship.org/wiki/VPN တွင်ရရှိနိုင်သည်။

OpenVPN သည်အင်တာနက်ပေါ်တွင် အသုံးပြုခြင်းမခံရ မီ လမ်းကြောင်းပေါ်မှ ဖြတ် ၍ တစ်ယောက်ထက်ပို သော client များ၏ ကွန်ပျူတာများဆီသို့ဝင်ရောက်သွားပြီး စီစစ်ခံရခြင်းမရှိသော နေရာများမှ စိတ်ချရသော ဆက်သွယ်မှု တစ်ခုဖြင့်လည်း အသုံးပြုနိုင်သည်။ ထိုကိစ္စ များ ကို မှန်ကန်စွာ တပ် ဆင်ရန်မှာ တနည်းအားဖြင့် ရှုပ်ထွေးနေသေးသည်။
Tips for setting up OpenVPN
OpenVPN တည်ဆောက်ရန် အချက်များ

သင့်ကိုယ်ပိုင် OpenVPN server နှင့် client များကို ဖန်တီးချင်သည်ဆိုလျှင် OpenVPN (http://openvpn.net/index.php/documentation/howto.html) မှပေးထားသော အချက်အလက်များကို လိုက်နာရမည်။ ပိတ်ဆို့ထားသော wesite များကိုကြည့်ရှုရန် OpenVPN ကို အသုံးပြုချင်သည်ဆိုလျှင် အောက်ပါအချက်များကို သတိပြုရမည်။
Client
အသုံးပြုသူ

Windows များအတွက် OpenVPN ကို လိုအပ် သလိုအဖွင့်အပိတ် ပြုလုပ်ရန် အသုံးပြုလုပ်နိုင်သည့် graphical user interface (GUI) ဆိုသည့် အရာရှိသည်။ ၎င်းသည် အင်တာနက်ပေါ်သို့ ရောက်ရှိစေ နိုင်သည့် HTTP proxy ကိုအသုံးပြုရန်လည်း ပြုပြင်ပြောင်းလဲစေနိုင်သည်။ http://openvpn.se/ တွင် download လုပ်နိုင်သည်။

Linux သို့မဟုတ် Mac OS X တွင် proxy server အသုံးပြုရန် OpenVPN အားပြင်ဆင်ပုံကို (http://openvpn.net/index.php/documentation/howto.html#http) Website တွင်ဖတ်ရှုနိုင်သည်။
Server

    * သင့်client သည် အင်တာနက်ဆင်ဆာကို ကျော်လွှားရန်သာ အသုံးပြုမည်ဆိုလျှင် bridging ကိုရွေးချယ်၍ ပိုပြီးကောင်းမလာနိုင်ပါ။ Routing ကိုသာ ရွေးပါ။

    * Client တစ်ဦး၏ traffic များ server ကိုမည်သို့ဖြတ်သန်းသွားကြောင်း ရှင်းပြသော အခန်းကို အထူး ဂရုပြုလေ့လာပါ။ ထို configuration မပါဘဲ ပိတ်ပင်ထားသော web pages များကို ကြည့်ရှုနိုင်မည်မဟုတ်။ (http://openvpn.net/index.php/documentation/howto.html#redirect).

    * အကယ်၍ client ၏ ကွန်ပျူတာသည် အလွန်တင်းကျပ်သော firewall တစ်ခု၏ နောက်တွင် ရှိနေပြီး default OpenVPN port လည်းပိတ်ဆို့ခံထားရသည်ဆိုလျှင် OpenVPN မှ အသုံးပြုသော port သို့ပြောင်းလဲနိုင်သည်။ နောက်ထပ် အရွေးချယ်စရာ တစ်ခုကတော့ secure website များအတွက် သုံးသော port443 ကို အသုံးပြုရန်နှင့် UDP ကို မသုံးဘဲ TCP protocol ကို သုံးရန်ဖြစ်သည်။ ထိုသို့ပြုပြင်ခြင်းတွင် firewall operator များအတွက် OpenVPN traffic နှင့် secure web traffic ကြားရှိကွာခြားမှုကို ခွဲခြားပြရန် ခက်ခဲသွားလိမ့်မည်။ ထိုသို့ပြုလုပ်ရန် client နှင့် server နှစ်ဦးလုံး၏ configuration files ၏ထိပ်နားတွင် “proto udp” ကို “proto tcp” ဖြင့်လည်းကောင်း “port 1194” ကို “port 443” ဖြင်လည်းကောင်း အစားထိုးရမည်။

ကောင်းကျိုးဆိုးကျိုးများ
OpenVPN ကို မှန်ကန်စွာ တပ်ဆင်ပြီးပြီဆိုသည်နှင့် ၎င်းသည် အင်တာနက် စီစစ်မှုကို ထိရောက်သော နည်းလမ်းကိုပေးနိုင်သည်။ Server နှင့် အသုံးပြုသူ ကြားရှိ traffic အားလုံးကို စကားဝှက်ပြုလုပ်ပြီး port တစ်ခုတည်းကို သာ ဖြတ်သန်းသော ကြောင့် online shopping သို့မဟုတ် အခြား စကားဝှက် ၀န်ဆောင်မှုများ ကဲ့သို့ စိတ်ချရသော web traffic များနှင့် လုံးဝခွဲခြား၍မရပေ။

OpenVPN ကို web traffic, email, instant messaging နှင့် Voice over IP တို့အပါအ၀င် internet traffic အားလုံးအတွက် အသုံးပြုနိုင်သည်။

OpenVPN server ပိုင်ရှင်နှင့် OpenVPN documentation တွင်ပါရှိသော certificates နှင့် keys used များကို လိုက်နာထားလျှင် OpenVPN သည် အတိုင်းအတာတစ်ခုအထိ စုံစမ်းစစ်ဆေးခြင်းကို ကာကွယ်ပေးသည်။ traffic သည် OpenVPN server အထိသာ စကားဝှက်ဖြစ်မည်ဖြစ်ပြီး ယင်းနောက်တွင် အင်တာနက်ပေါ်သို့ မူလအတိုင်းသာ တက်သွားမည်ဖြစ်သည်။

 OpenVPN ၏ အဓိကဆိုးကျိုးမှာ install ပြုလုပ်ရန်ခက်ခဲခြင်းနှင့် ပြုပြင်ပြောင်းလဲရန် ခက်ခဲခြင်းဖြစ်သည်။ အင်တာနက် ပိတ်ဆို့မှုမရှိသော နေရာမှ server တစ်ခုလဲလိုအပ်သည်။ ယုံကြည်စိတ်ချရသော အမည်ဝှက်ခြင်းကိုလည်း မပေးနိုင်ပေ။


No comments:

Post a Comment