ရှာဖွေတွေ့ရှိသမျှ Web / Blog အသီးသီးတို့မှ ရေးသားထားသော Computer / Internet / Security / Proxy တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကူးယူဖော်ပြခြင်းအတွက် သက်ဆိုင်ရာ Web / Blog များသို့ အကြောင်းအမျိုးမျိုးကြောင့် အသိပေးခြင်းမရှိသည်ကို အနူးအညွှန့်တောင်းပန်အပ်ပါသည်။ ( ကူးယူဖော်ပြထားသည့် Web Source များကို ဖော်ပြပေးထားပါသည်။ )

လေးစားစွာဖြင့် (Net QA DVB team)

PASSWORD လုံခြုံအောင် ကာကွယ်နည်းများ


အင်တာနက် ဆိုင်တွေ ကို သွား သုံးတဲ့အခါ အထူး သတိထား ရမယ့် အချက် ကတော့ ကိုယ်သုံးမယ့် Key board ကြိုးနဲ့ Computer System Unit နဲ့ ချိတ်ဆက်မယ့် ပလပ်ပေါက် မှာ အနက်ရောင် Device လေးတစ် ခုခံထားပြီး ဆိုရင် အဲဒီ ကွန်ပျူတာ ကို မသုံးပါနှင့်။ အဲဒီ Black Device ကကိုယ်ရိုက်သမျှ အက္ခရာ ဂဏန်းတွေ အားလုံးကို မှတ်ယူ သိမ်းဆည်း လိုက် တဲ့အတွက် ကိုယ်ရဲ့ Email Password အပါအဝင် အဲဒီနေ့ သုံးသမျှ ကိုယ်ရေး ကိုယ်တာ အချက်အလက် တွေ အားလုံးခိုးယူခံရ တတ် ပါတယ်။ ဒီ Block Device ကို နိုင်ငံအချို့မှာ တော့ ဟိုတယ်တွေ၊ ကုန်စည်ပြပွဲ တွေ၊ လေဆိပ်တွေနဲ့ အင်တာနက် ကဖေးတွေမှာအများ အားဖြင့် သုံးကြ တယ်။

မြန်မာ နိုင်ငံမှာ တော့အင်တာ နက်ဆိုင်တွေမှာ အသုံးပြုဖို့များတယ်။ သေချာ စစ်ကြည့်ပြီးမှ အသုံးပြုကြပါ။ Password များသည် ကွန် ရက်များ၏လုံခြုံရေးအတွက်ကာကွယ် နိုင်သည့် အမြင့်မား ဆုံးသော သော့ ချက်ဖြစ်ပါသည်။ မည်သည့် စနစ် တွင်မဆိုစည်းကမ်း နည်းလမ်း အတိုင်း ညီညွတ်သော Password နှင့် User Account ကိုရထားနိုင်ပါသည်။ User Account များသည်သတ်မှတ် ထားသောခွင့်ပြု ချက်များဖြင့်တည် ဆောက်ထား သော်လည်း လုံခြုံရေး အရကျိုးပေါက်မှုများ ရှိနေဆဲ ဖြစ်ပါ သည်။ Password များကို User မှ ပျောက်ဆုံး လျှင်သော် လည်းကောင်း၊ သတိမေ့ လျော့ရာ တွင်လည်းကောင်း Administrator မှ Letter နှင့် Number များရှုပ်ထွေးရောနှောပါဝင် သည့် Password အသစ်ကို ပြန် လည် သတ်မှတ် ပေးရမည်ဖြစ်ပြီး User မှပြောင်းလဲ ပေးသော Password အသစ်ဖြင့်ဝင် ရောက်ရသည်။

Stronger Network Operation System များတွင် ယင်းကဲ့ သို့သော စွမ်းဆောင်ရည်များ ပါဝင်ပါသည်။ ဥပမာ အားဖြင့် Window 2000 Server ၌ User တည်ဆောက်ရာ တွင်ရှိသော User must change Password at next logon setting ဖြစ်ပါသည်။ သုံးစွဲသူများ တည်ဆောက်ရာ တွင် ကောင်းမွန်သော Password (၆)လုံးနှင့်အထက် Letter, Number နှင့် Punctuation Symbols များရှုပ်ထွေး ရောနှော ပါဝင်သော String Password များကိုသုံးစွဲရ မည်ဖြစ်သည်။

ယင်းသို့ Password သုံးစွဲခြင်းကြောင့် စီမံခန့်ခွဲမှု ဆိုင်ရာ အခက်အခဲ များလည်း အမြဲရင်ဆိုင်နေ ရမည်ဖြစ်သည်။ ပထမ အချက်မှာသုံး စွဲသူများ အနေဖြင့် Password အားမေ့ လျော့ခြင်း၊ မိမိ User Name Password အားမ ပျောက်ဆုံးရ အောင် Write Down လုပ်ထားခြင်းကြောင့် အလွယ်တကူ ရရှိပြီး Network ကျိုး ပေါက်ခြင်း ဖြစ်ပါသည်။ Device များ သုံးစွဲ၍ Password ကာကွယ်ရန်(၂) နည်းရှိပါသည်။ Smart Device နှင့် Biometrics ဖြစ်ပါသည်။

ရိုးရာလေး

No comments:

Post a Comment