ရှာဖွေတွေ့ရှိသမျှ Web / Blog အသီးသီးတို့မှ ရေးသားထားသော Computer / Internet / Security / Proxy တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ ကူးယူဖော်ပြခြင်းအတွက် သက်ဆိုင်ရာ Web / Blog များသို့ အကြောင်းအမျိုးမျိုးကြောင့် အသိပေးခြင်းမရှိသည်ကို အနူးအညွှန့်တောင်းပန်အပ်ပါသည်။ ( ကူးယူဖော်ပြထားသည့် Web Source များကို ဖော်ပြပေးထားပါသည်။ )

လေးစားစွာဖြင့် (Net QA DVB team)

လွယ်ကူကူ ကျော်ခွခြင်း

ပိတ်ပင်တားဆီးထားတဲ့ အင်တာနက်စာမျက်နှာတွေမှာ ရေးထားတဲ့ အကြောင်းအရာတွေ၊သတင်းပလင်း တွေကိုဖတ်ဖို့ မရ၊ရအောင် လုပ်နေရတယ် ၊ဒါက ကျနော်တို့အတွက် ပုံမှန်ဖြစ်နေတယ် ဆိုတာ ကတော့ အကြောင်းသင့်လှတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။

တူရကီနိုင်ငံမှာ ဘလော့တွေ ပိတ်ဆို့တဲ့ အကြောင်းဖတ်ရပြီး နောက်ပိုင်း နေ့စဉ်လိုလို အိန္ဒိယနဲ့ တရုပ်နိုင်ငံမှာလည်း တားမြစ်ခံရတဲ့ အင်တာနက်စာမျက်နှာတွေ များပြားလာတယ်ဆိုတာ သိလာရပါတယ်။ဒီလိုပိတ်ပင်တားမြစ်မှုတွေကို ကျော်ဖြတ်ပြီး မိမိရဲ့ကိုယ်ပိုင် လွတ်လပ်ခွင့်၊ ရွေးချယ်ခွင့်ပြန်လည်ရရှိဖို့ နည်းလမ်းတချို့ကို ဒီနေရာမှာပြောချင်ပါတယ်။

ပြီးတော့ အမြဲတန်း နဲ့အလုံခြုံဆုံးဖြစ်အောင် DNS –Domain Name Server လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာ ရဲ့လိပ်စာကို ဘယ်လိုပြောင်းလဲမယ်ဆိုတာကိုပြောပါ့မယ်။

အရင်ဆုံး စာဖတ်သူတို့ကို တင်းတင်းကြပ်ကြပ် သတိပေးချင်တာ ကတော့ ကျော်ချင်ခွချင်တဲ့ စိတ်ကလေး နဲ့ တွေ့ လာတဲ့ ပရော့က်စီ ဆိုက်ဒ်တွေကိုဝေးဝေးရှောင်ဖို့ပါပဲ။ ဘယ်လိုဆိုက်ဒ်မျိုးလဲ ဆိုတော့ ကိုယ့် ကိုစစ်တမ်းကောက်ယူတဲ့ အတင်းအကြပ် မေးခွန်းတွေမေးပြီး ပုံစံဖြည့်ခိုင်းတဲ့ ဆိုက်ဒ်တွေနဲ့ ကိုယ့်သုံးနေကျ အင်တာနက်တက်တဲ့ firefix နဲ့ IE စတဲ့ web browser တွေကို ကြော်ငြာ အပေါက်ဖွင့်ခိုင်းတဲ့ proxy ဆိုက်ဒ်တွေပါပဲ။ဝက်ဘ်ဆိုက်ဒ်ပေါ်မှာ၊ဖိုရမ် လို့ခေါ်တဲ့ အင်တာနက် စကားဝိုင်းတွေမှာ တွေ့ရတတ်တဲ့ အင်တာနက်လိပ်စာတိုင်းကိုယုံကြည်လို့မရပါဘူး။ကိုယ်မသိတဲ့ လူတွေ၊အဖွဲ့တွေနဲ့ ကိရိယာတွေရဲ့ စောင့်ကြည့်ခံရတဲ့အမှု၊ကိုယ့်အကြောင်းကို သူများကိုဖွင့် ပြောရတဲ့ ကိစ္စတွေကိုမလိုလားဘူးဆိုယင် အဲဒီ ဆိုက်ဒ်တွေကို သတိကြပ်ကြပ်ထားပြီး ရှောင်ရှားသင့်ပါတယ်။

ကဲ…ကျနော်တို့ အခမဲ့လည်းဖြစ်၊ယုံကြည်စိတ်ချရလောက်တဲ့ နေရာလည်းဖြစ်၊အင်တာနက်လိပ်စာတွေကိုလည်း ယူငင်နိုင်တဲ့ Google နဲ့ Open DNS ဆိုက်ဒ်တွေကို သုံးပါမယ်။စောစောကပြောခဲ့သလိုပါပဲ တွေ့သမျှ အင်တာနက် လိပ်စာတွေနဲ့ နိုင်းစာယင် Google DNS နဲ့ Open DNS တွေက ပိုပြီးစိတ်လည်းချရ၊ကိုယ့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးတဲ့ နေရာမှာလည်း အဆင်ပြေပါတယ်။

၁။အင်တာနက်ကွန်ယက်အစီစဉ်များချမှတ်ခြင်း။(Enter Your Network Settings Page)

အင်တာနက်ကုပ္မဏီ(သို့)ဆက်သွယ်ရေးဌာနက ပေးထားတဲ့ အစီအမံ(setting)ပြောင်းဖို့ မိမိ Browser ရဲ့ address bar ခေါ် လိပ်စာရိုက်တဲ့ အကွက်ထဲမှာ 192.168.1.1 ကိုရိုက်ပြီး ဝင်လိုက်ပါ။အင်တာနက် router ထဲကိုရောက်သွားပါပြီ၊user name တွေ password တွေထည့်ပေးဖို့လိုအပ်တယ်ဆိုယင် Admin အနေနဲ့ဝင်ပါ၊လိုအပ်ယင် မိမိရဲ့ Router အသုံးပြုနည်းလမ်းညွှန်ကို ဖတ်ပါ။

မိမိသုံးတဲ့ မိုဒန်း အမျိုးအစားအလိုက် ပုံကွဲပြားနိုင်တယ်ဆိုတာ သတိချပ်ပါ။
၂။အင်တာနက်လိပ်စာပြောင်းလဲခြင်း(Change Your DNS Addresses)
အစီအမံ ဇယားတွေထဲမှာ လိပ်စာပြောင်းဖို့ link ချိတ် တွေကိုရှာပါ။Google DNS နဲ့ Open DNS ကိုသင်နှစ်သက်ရာအသုံးပြုနိုင်ပါတယ်။ကျနော်ကတော့ အင်တာနက်သုံးသူတွေနဲ့ မစိမ်းလှပဲ ကျော်ကြားလှတဲ့ Google DNS ကိုပဲ ယုံလိုက်ပါတယ်။Open DNS ကိုသုံးချင်ယင်တော့ ဖြည့်ရမယ့် I.P အိုင်ပီတွေက 208.67.222.222 နဲ့ 208.67.220.220 ဖြစ်ပါတယ်။


အိုင်ပီ ဆိုတာ အင်တာနက်လိပ်စာတမျိုးပါပဲ
Google DNS I.P လိပ်စာကတော့ ပုံမှာ မြင်ရတဲ့အတိုင်း 8.8.8.8 နဲ့ ဒုတိယ လိပ်စာက 8.8.4.4 ပဲဖြစ်ပါတယ်။ပုံမှာပါတဲ့ Enable Automatic Assigned DNS မှာ အမှတ်ဖြုတ်ထားရပါမယ်။
၃။အထက်ပါ အဆင့် ၂ ခုပြီးပြီဆိုယင်တော့ SAVE ကိုနှိပ်ပြီး အစီမံသစ် စာမျက်နှာကိုသိမ်းဆည်းလိုက်ပါ။သိမ်းပြီးယင် modem ကို Restart ချလိုက်ပြီးယင် ပိတ်ဆို့ထားပါတယ်ဆိုတဲ့ အင်တာနက်စာမျက်နှာအားလုံးကို ဖတ်နိုင်ပါပြီဗျာ။

(ဒီလုပ်ပုံလုပ်နည်းက မြန်မာပြည်မှာ ကိုယ်ပိုင် အင်တာနက်တပ်ဆင်ထားသူများ၊ကုပ္မဏီရုံးများနဲ့ အင်တာနက်ကဖေး ဆိုင်ဖွင့်ထားများအတွက်ပိုပြီးအဆင်ပြေပါလိမ့်မယ်။)

Oway Myo

No comments:

Post a Comment