Web Proxy တခုထောင်ရန်အတွက် နည်းပညာပိုင်းကျွမ်းကျင်မှုနှင့် အချို့လိုအပ်ချက်များရှိသည်။ ( Web Proxy ထောင်ရန်သင့်လျှော်သော server နှင့် လုံလောက်သော Bandwidth) တို့ဖြစ်ကြသည်။
Private နှင့် Public ဟူ၍ Web Proxy နှစ်မျိုးနှစ်စားရှိသည်။ Private Proxy ဆိုသည်မှာမိမိအသုံးပြုစေလိုသော အချို့လူများကိုသာလိပ်စာပေးထားပြီး Public Proxy ဆိုသည်မှာ အားလုံးအသုံးပြုနိုင်ရန် ပေးထားသော Proxy များကိုဆိုလိုသည်။ Public Web Proxy များသည် လူအများအလွယ်တကူ ရှာဖွေအသုံးပြုနိုင်သောကြောင့် အပိတ်ခံရနိုင်ဖို့ပိုမိုလွယ်ကူပေသည်။ Private Proxy များသည် Public Proxy များလောက် လူမသိသောကြောင့် အပိတ်ခံရခြေပိုနည်းပါသည်။
Private Web Proxy များကို အသုံးပြုသူများ၏ လိုအပ်ချက်များအတိုင်းပြင်ဆင်နိုင်ပါသည်။ အသုံးများသော ပြင်ဆင်ချက်များမှာ Web server ၏ port နံပါတ်ကိုပြောင်းခြင်း၊ SSL ကဲ့သို့သော encryption နည်းများအဖြစ်ပြောင်းလဲခြင်း စသည်တို့ဖြစ်သည်။ အချို့ပိတ်ပင်မှုများသည် နာမယ်ကြီး proxy software များနှင့်ပတ်သတ်သော စကားလုံး (keywords) များပါပါက ပိတ်ပင်တတ်သောကြောင့် မူလ URL လိပ်စာအားအမည်ပြောင်းခြင်း၊ script အမည်ပြောင်းရေးခြင်း၊ user interface ရှိအချို့အကြောင်းအရာများကို ပြောင်းလဲလိုက်ခြင်းဖြင့် အလိုအလျှောက် စီစစ်ရှာဖွေပိတ်ပင်ခြင်းများအားလျှော့ချနိုင်ပါမည်။
SSL ကိုအသုံးပြုသောအခါတွင် Web Server ၏ root တွင် ဗလာ Web Page တခုတည်ဆောက်ကာ Web Proxy အားသင့်တော်ရာ ကျပန်းအမည်၊ လမ်းကြောင်းဖြင့် ဖုံးအုပ်လိုက်နိုင်ပါသည်။ ထိုအခါတွင် ကြားဖြတ်ကြည့်ရှူသူတို့သည် သင်သွားသော server ကိုသိရှိနိုင်သော်လည်း နောက်ပိုင်းလမ်းကြောင်းကိုမူမသိရှိနိုင်ပေ။ ဥပမာ- https://example.com/secretproxy/ ကိုဆက်သွယ်ပါက ကြားဖြတ်ကြည့်သူသည် example.com ကိုသွားနေကြောင်းသိနိုင်သော်လည်း web proxy အားဆက်သွယ်နေသည်ကိုကားမသိရှိနိုင်ပါ။
နံမယ်ကြီး Web Proxy Program အချို့
CGIProxy: HTTP၊ FTP Proxy နှစ်မျိုးစလုံးအဖြစ်အသုံးပြုနိုင်သော CGI script
http://www.jmarshall.com/tools/cgiproxy
Peacefire's Circumventor : Window ကွန်ပျူတာတွင် CGIProxy ကိုထောင်ရန်လွယ်ကူရှင်းလင်းသော Program
http://www.peacefire.org/circumventor/simple-circumventor-instructions.html
PHProxy: HTTP၊ FTP Proxy နှစ်မျိုးစလုံးအဖြစ်အသုံးပြုနိုင်သော PHP script
http://sourceforge.net/projects/poxy/
Psiphon: Window ကွန်ပျူတာတွင် PHProxy ကိုထောင်ရန်လွယ်ကူရှင်းလင်းသော Program
http://psiphon.civisec.org/
Private Web Proxy များသည် stable ဖြစ်သော circumvention ဝန်ဆောင်မှုမျိုးကိုလိုအပ်ပြီး အင်တာနက် စီစစ်ပိတ်ပင်ခြင်းမရှိသောနေရာတွင် စိတ်ချရသော အဆက်အသွယ်ရှိသူများအတွက် အလွန်အဆင်ပြေသောနည်းလမ်းဖြစ်သည်။ ထို့အပြင် SSL ဖြင့်အသုံးပြုပါက Public Proxy များထက် ပိတ်ပင်ခံရနိုင်ခြေနည်းပါးပါသည်။
Sesawe.Net
No comments:
Post a Comment