Psiphon 2 account ကို မည်ကဲ့သို့ယူရမည်နည်း။
Psiphon 2 ကွန်ယက်ကိုစောင့်ကြည့်ခြင်း၊ ပိတ်ဆို့ခြင်းမှာကာကွယ်ရန် အတွက် ကျွန်ုပ်တို့သည် ‘web of trust’ ‘ယုံကြည်မှုစာမျက်နှာ’ ပုံစံ ကိုအသုံးပြုသည်။ psiphon 2 account ကို ရရှိရန် account ရှိပြီးသာသူထံမှ invitation ဖိတ်စာလိုအပ်သည်။Register လုပ်ရန် invitation link အားအသုံးပြုခြင်း
https://85.31.189.76/w.php?p=384BC ကဲ့သို့ invitation link ကိုရသည်နှင့် ထို website အား သင်နှစ်သက်ရာ browser နှင့် (firefox သို့မဟုတ် Internet Explorer) ကြည့်ရှုပါ။SSL error message ကိုရရှိခြင်း
ထို website အား ပထမဆုံးကြည့်ရှုသည့်အခါတွင် SSL certificate အများကြောင့် error message သတင်းအမှား တစ်ခုကို သင်တွေ့ရလိမ့်မည်။ SSL certificate (လက်မှတ်)များ ကို server တစ်ခု၏ identity (ကိုယ်ပိုင်အမှတ်အသား) များကို အာမခံရာတွင် အသုံးပြုသည်။ SSL certificate အစစ်တစ်ခုရရှိရန် ငွေကြေး အမြောက်အများ သုံးစွဲရသဖြင့် psiphon 2 ကွန်ယက်တိုင်းအတွက် ဝယ်ယူရန် အလွန်ပင် ဈေးကြီးလိမ့်မည်။ ထိုသို့ဖြစ်လင့်ကစား connection (ဆက်သွယ်မှု) ကို လုံးဝစာဝှက် လုပ်ထားပြီး error message (သတင်းအမှား) ကိုလုံခြုံစိတ်ချစွာ သင်အတည်ပြုနိုင်သည်။Internet Explorer 6 နှင့် SSL Error
အကယ်၍ internet explorer 6 ကို သင်အသုံးပြုလျှင် error message မှာ အောက်ပါအတိုင်း ဖြစ်လိမ့်မည်။
Please confirm the message with a click on "Yes".
“Yes” ကိုနှိပ်လိုက်ပါ။
Internet Explorer 7 နှင့် SSL Error
အကယ်၍ internet explorer 7 ကို သင်အသုံးပြုလျှင် error message မှာ အောက်ပါအတိုင်း ဖြစ်လိမ့်မည်။
Please confirm it with a click on "Continue to this website (not recommended)."
“Continue to this website (not recommended) ကိုနှိပ်လိုက်ပါ။”
Fire fox 3 နှင့် SSL Error
Firefox 3 browser ကိုအသုံးပြုလျှင်မူ အနည်းငယ်ပို၍ ရှုပ်ထွေးလိမ့်မည်။
“Or you can add an exception…” ဆိုသည့်စာတန်း အပေါ်တွင် click လုပ်ပါ။
ထို့နောက် “Add Exception..” ကိုနှိပ်ပါ။
ထို့နောက် “Get Certificate” ပေါ်တွင် တစ်ကြိမ်
နောက်ဆုံး ‘Confirm Security Exception’ ကိုနှိပ်ပါ။
ကိုယ်ပိုင် account တစ်ခု အားဖန်တီးခြင်း
လုံခြုံရေးသတိပေးချက် အား အတည်ပြုပြီသည်နှင့် ရိုးရှင်းသော အသင်းဝင် ပုံစံကို တွေ့ရလိမ့်မည်။
ဘာသာစကား ကိုရွေးချယ်ပါ။ Invitation Code ကို ရှိရင်းစွဲ အတိုင်းထား၍ သင်၏ email လိပ်စာ အမည် ဝှက် နှင့် password ကို နှစ်ကြိမ် တူညီစွာ ရိုက်ပါး။ email လိပ်စာ အားလက်ရှိ psiphon 2 ကွန်ယက် အပိတ်ခံရလျှင် နောက်ထပ် အသစ်တစ်ခုပို့ရန် အသုံးပြုလိမ့်မည်။ ထိုလိပ်စာ သို့မလိုလား အပ်သော စာများ၊ ကြော်ငြာများလုံးဝ ပို့မည်မဟုတ်ပါ။ psiphon 2 ကွန်ယက်သို့ဝင်ရောက် ရန် သင်ရွေးချယ် ခဲ့သော email လိပ်စာ နှင့် password (စကားဝှက်) တို့လိုအပ်သော ကြောင့် ၎င်းတို့အား မှတ်မိရန်လိုအပ်သည်။
‘login’ ‘ဝင်ရန်’ ပေါ်တွင် click လုပ်ပြီးသော အခါ သင်၏ account အောင်မြင်စွာ ဖန်တီး ရရှိကြောင်း အတည်ပြုချက်ကို တွေ့ရလိမ့်မည်။
Psiphon 2 ကွန်ယက် ကို အသုံးပြုခြင်း
Psiphon 2 ကွန်ယက်ကိုအသုံးပြုရန် invitation link အား နောက်တစ်ကြိမ်မလို အပ်ပေ။ အသင်းဝင်ခြင်း (registration) ၏နောက်ဆုံးတွင် ဖော်ပြထားသော link (ဥပမာ https://85.31.189.76/001) ကိုသာ မှတ်သားထားရန်လိုအပ်သည်။ ထိုလိပ်စာ ကို သင်၏ browser (Internet Explorer သို့မဟုတ် Firefox) နှင့် ကြည့်ရှုပါ။
ယခုအခါ psiphon 2 account ပြုလုပ် စဉ်က အသုံးပြုခဲ့သော email လိပ်စာနှင့် password (စကားဝှက်) တို့ကို ရိုက်ပါ။
Login (ဝင်) ပြီးသောအခါ ထိပ်တွင် အကွက်ပါသော အဖြူရောင်စာမျက်နှာ ကိုတွေ့ရလိမ့်မည်။ ထိုသင်ကြည့်ချင်သော web site ၏နာမည် (ဥပမာ https://www.sesawe.net/) ကိုထိုအကွက် ထဲတွင် ရိုက်ထည့် ၍ ‘Go’ ကို click လုပ် ပါ။
ယခုအခါ သင်ကြည့်ချင် သော website ကို စတင် ပြင်ဆင်နေပြီး အင်တာနက် ကို သင်လွတ်လပ်စွာ ဆက်လက် ကြည့်ရှုနိုင်ပြီဖြစ်သည်။ ထို website ပေါ်ရှိ link အားလုံး ကို ရိုက်စရာ မလိုဘဲ psiphon 2 ကွန်ယက် မှကြည့်ရှုနိုင်သည်။
အခြားလူများ အားဖိတ်ခေါ်ခြင်း
သင်၏ သူငယ်ချင်း များ (သို့မဟုတ်) မိသားစု ဝင်တစ်ယောက်ယောက် အား အင်တာနက်ကို လွတ်လပ်စွာ ကြည့်ရှုနိုင်ရန်သင် ကူညီချင် ကောင်းကူညီချင်ပေလိမ့်မည်။
တခြားသူများအားဖိတ်၍ သင် ‘Power user’ ‘အထူးအသုံးပြုသူ’ ဖြစ်ရန်လိုအပ်သည်။ ထိုနေရာကို ရရှိရန် သင့်ကို ဖိတ်ခေါ် ခဲ့သူအား အာမခံခိုင်းပါ။ အကယ်၍ သင့်တွင် ‘Power User’ ရှိလျှင် သင်၏ profile (psiphon2 သို့ဝင်ပါ၊ profile ကို click လုပ်ပါ) တွင် တွေ့မြင် နိုင်သည်။ အကယ် ၍ ‘Invite a user’ ‘အသုံးပြုသူတစ်ယောက်ဖိတ်ခေါ်ခြင်း’ ‘Send Invitation’ ‘ဖိတ်စာပို့ခြင်း’ တို့ကို menu ၏ဘယ်ဘက် တွင် တွေ့ရှိလျှင် လည်းသင်သည် ‘Power User’ တစ်ယောက် ဖြစ်သည် ဟု အဓိပ္ပါယ် သက်ရောက်သည်။
အခြားသူများ ကို ဖိတ်ရန် နည်းလမ်း နှစ်ခုရှိပါသည်။
အသုံးပြုသူတစ်ဦး ဖိတ်ခေါ်ခြင်း
ပုံမှန် email၊ instant messengers သို့မဟုတ် တယ်လီဖုန်း မှတဆင့် ဆက်သွယ်နိုင်သော invitation code/link (ဖိတ်စာ)တစ်ခုရရှိရန် သင်၏ psiphon 2 profile ပေါ်ရှိ ‘Invite a user’ ကို နှိပ်ပါ။ ပထမဦးစွာ သင်ဖိတ်ချင်သော psiphon 2 ကွန်ယက် တစ်ခုအားရွေးချယ် ပါ။ ကျလာသော menu ထဲတွင် ကွန်ယက်တစ်ခု သာ ရှိနေသည် ဟုထင်ရသော ကြောင့် default option အား သည် အတိုင်းသာထားပါ။ ‘Invite’ ကို နှိပ်ပြီးသောအခါ သင်၏သူငယ်ချင်းများထံသို့ ပို့နိုင်သော ‘Invitation link’ အသစ်ကို တွေ့လိမ့်မည်။သူ တို့ ထို link ကို အသုံးပြုရန် အခက်အခဲရှိပါက ‘Invitation URL’ နှင့် ‘Invitation Code’ တို့ကို လက်ဖြင့် နှိပ်ကာအသုံးပြုနိုင်သည်။
ဖိတ်စာပေးပို့ခြင်း
Psiphon 2 ကွန်ယက် ကို ဖြတ်၍ invitation link တစ်ခု သို့မဟုတ် ပို၍ ပို့ရန် psiphon 2 profile ထဲမှ ‘Send invitations’ ကို နှိပ်ပါ။ ဤနည်းလမ်း၏ကောင်းကျိုးမှာ သင်သည် အမည်မသိ ဖြစ်နေလိမ့်မည်။ ဆိုလိုသည်မှာ email invitation ကို ရရှိသူသည် သူ့အားမည်သူ မှ invitation ပေးပို့သည် ကို မသိနိုင်ပေ။
ပထမဦးစွာ သင်ဖိတ်ချင်သော psiphon 2 ကွန်ယက် တစ်ခုအားရွေးချယ် ပါ။ ကျလာသော menu ထဲတွင် ကွန်ယက်တစ်ခု သာ ရှိနေသည် ဟုထင်ရသော ကြောင့် default option အား သည် အတိုင်းသာထားပါ။ ထို့နောက် ကွန်ယက် မှ ပေးပို့မည့် email အတွက် subject ကို ရိုက်ထည့်ပါ။ ဤ အချက်သည် ‘Invitation to psiphon 2’ သို့မဟုတ် အနှောင့်အယှက် မရှိခြင်းနှင့် ဆက်နွယ်နေ နိုင် ပြီး ‘Praise the king!!’ နှင့်မူလုံးဝသက်ဆိုင်ခြင်းမရှိပါ။ ထို့နောက် သင် invitation ရချင်သော email address ကို ရိုက်ပါ။ သင်သည် email address တစ်ခု သို့မဟုတ် အမြောက်အများ၊ line တစ်ခု တွင် address တစ်ခု ဖြင့် ဝင်ရောက်နိုင်သည်။ ‘Invite ’ကို နှိပ်ပြီးသော အခါ emails များကို ကွန်ယက်မှ မိနစ်အနည်းငယ် အတွင်း ပို့လွှတ်တော့မည် ဟု ဆိုလိုသော ‘1 invitations queued’ ဟူသော message ကို ရလိမ့်မည်။
Report a blocked website
ပိတ်ထားသော website ကို သတင်းပို့ခြင်း
Video ကြည့်ခြင်း သို့မဟုတ် AJAX ကဲ့သို့ရှုပ်ထွေးသော နည်းပညာများ အသုံးပြုထားသည့် website များမှာ psiphon 2 နှင့် အလုပ်လုပ် မည် မဟုတ် ပေ။ ထိုအရာကို ဖြေရှင်းရန် website တည်ထောင်သူများ မှ မည်သည့် website များ အလုပ်မလုပ် သည် ကို သိရန် လိုအပ်သည်။ ထိုကဲ့သို့ website မျိုးကို တွေ့ခဲ့လျှင် ‘Go’ ခလုတ်နားရှိ ‘Broken Page’ ဆိုသည်ကို နှိပ်ခြင်းဖြင့် လွယ်ကူစွာ သတင်းပို့ နိုင်သည်။
ထိုသို့ နှိပ်လိုက်၍ ရရှိလာသော နောက်စာမျက်နှာ တစ်ခုပေါ်ရှိ ‘Description’ ဆိုသောနေရာတွင် Website တည်ထောင်သူများ ပြင်ဆင်ရလွယ်ကူနိုင်ရန် အပိုသတင်းအချက် အလက်မျာကိုဖြည့်စွက်နိုင်သည်။ ‘Submit’ ပေါ်တွင် click လုပ် ခြင်းဖြင့် ကျွန်ုပ်တို့၏ website တည်ထောင်သူများထံ သတင်းပို့နိုင်သည်။
Psimail ကိုအသုံးပြုခြင်း
စာပို့ခြင်း
Psiphon 2 ဖြင့် အခြား psiphon 2 အသုံးပြုသူများ ထံစာပို့နိုင်သည်။ စာရေးသားရန် သင်၏ psiphon 2 စာမျက်နှာသို့ဝင် ၍ ‘Compose’ ‘ရေးသားရန်’ ကိုနှိပ်ပါ။ ပထမပုံစံတွင် သင်ပို့ချင်သော သူ၏အမည် ဝှက် ကို ထည့်ပါ။ psiphon 2 တွင် မှတ်ပုံတင်စဉ်က ထိုသူအသုံးပြုခဲ့သော email လိပ်စာကို လည်း ထည့်နိုင်သည်။ psiphon 2 တွင် မှတ် ပုံတင် မထားသော ပုံမှန် email လိပ်စာများသို့စာ ပို့ရန် မူမဖြစ်နိုင်ပေ။ Textbox ထဲတွင် စာရေးပြီး ‘Send’ ‘ပို့ရန်’ ကို နှိပ်ပါ။ ထို့နောက် ‘Message was sent’ ‘စာပို့ပြီးကြောင်း’ ကို ရရှိလိမ့်မည်။
စာဖတ်ခြင်း
psiphon 2 profile တွင် စာအသစ်တစ်စောင် ရရှိခဲ့လျှင်ကြည့်ရန် ဖြစ်သည်။ ဘယ်ဘက်ရှိ menu တွင် ‘Inbox (1)’ ဟုမည်းနက်စွာ ရေးထားလျှင် သင် စာ အသစ်တစ်စောင် ရရှိပြီးဖြစ်သည်။ ကွင်းထဲရှိ ဂဏန်း အရေအတွက်မှာ သင်ရရှိသော စာအရေအတွက် ကို ကိုယ် စားပြုသည်။ ထို link ပေါ်တွင် နှိပ်ပြီးသော အခါ သင်၏စာများကို ဖတ်နိုင်ပြီး ဖြစ်သည်။
တစ်ခု သို့မဟုတ် တစ်ခုထက်ပို သော စာများကို ဖတ်နိုင်ပြီး အောက်ပါ option များထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်။ ‘Mark as Read’ ‘ဖတ်ပြီးကြောင်းမှတ်သားခြင်း’’Mark as Unread’’မဖတ်ရသေးကြောင်းမှတ်သားခြင်း’ သို့မဟုတ် ‘Delete’ ’ဖျက်ခြင်း’ တို့ဖြစ်သည်။
Sesawe.Net
No comments:
Post a Comment